Friday, May 30, 2008

ကျေးဇူးတင်ပါတယ်

ကိုညီလင်းဆက်ရဲ့ ဘလော့ဂ်လုပ်နည်းလမ်းညွှန် ကျေးဇူးနဲ့ တထိုင်တည်း ၃နာရီလောက်ကြာအောင် ခေါင်းအစားခံလိုက်တဲ့ အခါမှာတော့ ကျနော်လည်း ဘလော့ဂ်ပိုင်ရှင်တစ်ယောက် ဖြစ်သွားပါပြီ။ ဘလော့ဂ်ရေးသူတို့ရဲ့ ထုံးစံအတိုင်း “ဘလော့ဂ်ဖေါ် အုန်းဆိတ်” ကိုယ်ရေးချင်တာ ကိုယ်ရေးပါ့မယ်။ ကျနော်ဝါသနာပါတဲ့ ဆေးပညာရပ်ဆိုင်ရာ နဲ့ အနုပညာနဲ့ ဆိုင်တာတွေပဲ ဖြစ်ဖို့များပါတယ်။ အဲ.. ဟိုနားဒီနားမှာ လက်သရမ်းထားတဲ့ ကျနော့ရဲ့ စာလေးတွေကိုလည်း ပြန်တင်မယ်ပေါ့။